ရေစကြိုမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ပြည်သူများသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ရေစကြိုမြို့ပေါ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများထံ အခမဲ့ဖြန့်ဝေသည်။