ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို Talk Showဆွေး‌နွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းတွင်ကျင်းပပြုလုပ်ပါသည်။

မြစ်သားမြို့နယ်တွင် Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်နေပြည်သူများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ သယ်ဆောင်၍လှည့်လည် ငှားရမ်းပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှိ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ် စာစောင်များ(အခမဲ့)ငှားရမ်းပေးခဲ့ကြောင်းသိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) က ဆရာချစ်နိုင်(စိတ်ပညာ)၏ အောင်မြင်ဖို့အချိန် စာအုပ်အား စာဖတ်ဝိုင်းကို ယနေ့နံနက်(၁၁)နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ဥတ္တရသီရိမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်တွင် “ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး” Talk Show ကို ယနေ့နံနက်ပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။

တနင်္သာရီမြို့နယ် Community Centre အတွင်းသွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

 တနင်္သာရီတိုင်းဒေသကြီး၊  မြိတ်ခရိုင် တနင်္သာရီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီကာလအတွင်းခြင်မှ တစ်ဆင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအကြောင်း အသိ ပညာ ပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀နာရီခွဲ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။ 

ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က စာရေးဆရာ မိုးပန်းမွန်(ရာမည) ရေးသားသည့်  ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ)စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒုတိယအကြိမ်မြစိမ်းရောင်ကျေးရွာစီမံကိန်း (ဆီထွက်သီးနှံ) စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက သရက်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အခြေခံပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတရရှိစေရန်၊ စာပေကိုပိုမိုဖတ်ရှုနိုင်စေရန်၊ စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများစွာရရှိနိုင်စေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁) နာရီက အမှတ် (၁၃) အခြေခံပညာ မူလတန်း‌ကျောင်းတွင် ပြုလုပ်‌ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အားကစားလှုပ်ရှားမှုများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Cominity Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ မွန်းလွဲပိုင်းက အားကစားလှုပ်ရှားမှု Fitness Dance သရုပ်ပြသခြင်းအား Online မှတဆင့် တင်ဆက်ရန်အတွက် ရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ညောင်လေးပင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီ အချိန်က  (Book Club)အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ