ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး (Talk Show) ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre )တွင် ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဥ်ဖြင့် အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြာင်း သိရသည်။

ဝန်းသိုမြို့ Community Centre ခန်းမတွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြို ဆွေးနွေးပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

၂၀၂၃ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုဆွေးနွေးပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre ခန်းမတွင် ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်းမှ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့၌ စာအုပ်/စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)မှ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ လူထုစိန်ဝင်းရေးသားသော “စိတ်ချမ်းသာအောင် ဘယ်လိုနေရမလဲနှင့် အခြားဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့နယ် (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နေ့လည်ပိုင်းက စာပေချစ်မြတ်နိုးသူBook Club အဖွဲ့နှင့် Woman Clubအဖွဲ့များပူးပေါင်းပြီး စာရေးဒေါက်တာခင်မောင်အေး (နှလုံး) ရေးသားသော ‟ လူရယ်လို့ဖြစ်လာလျှင်” စာအုပ်ဖြင့်စာဖတ်ဝိုင်း ပြုလုပ်ကြသည်။

ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်း မိုခါမုန်တိုင်းအန္တရာယ်ကြောင့် ယာယီပြောင်းရွှေ့နေထိုင်သည့် ရေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ကြသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တက္ကသိုလ်ရာပြည့် အကြိုအထိမ်းအမှတ် မင်္ဂလာပါ ဗိုလ်ချုပ်စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းနှင့် စာပေချစ်မြတ်နိုးသူများအဖွဲ့တို့ ပူးပေါင်း၍ ရန်ကုန်တက္ကသိုလ် ရာပြည့်အကြို အထိမ်းအမှတ်မင်္ဂလာပါဗိုလ်ချုပ်စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ် ခဲ့သည်။

မင်္ဂလာဒုံမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေး အသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော လူငယ်နှင့်မူးယစ်ဆေးအကြောင်း ကျန်းမာရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီ အချိန်က  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှ တစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယ​မန်နေ့၊ နေ့လယ် ၁ နာရီက အပြည်ပြည်ဆိုင်ရာပြတိုက် များနေ့ အထိမ်းအမှတ်အသိပညာ​ပေး ​ Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များ ၊စာပေ ဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာများ(ကလောင်စုံ)၏ လူငယ်များ၏ မိုးကောင်းကင် စာအုပ်မှ ဆရာမနန်းမိုခမ်း၏ ခေတ်မီချင်လျှင် စာဖတ်ပါဆောင်းပါးအား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ