ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ညောင်လေးပင်မြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဥ်ကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေပြည်သာမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများပူပေါင်း၍ ယနေ့နံနက် (၁၁) နာရီအချိန်က Community Center ခန်းမ၌ စာရေးဆရာအောင်သင်းရေးသားထားသော အားနေသောလက်များစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် နှလုံးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေး Talk Show အစီအစဉ် အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်တင်ဆက်သော နှလုံးရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးTalk Show အစီအစဉ်ကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ထုတ်လွှင့်တင်ဆက်ပေးခဲ့သည်။

တောင်ငူမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး” အသိပညာပေး  TALK SHOW ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး”အသိပညာပေး TALK SHOW ကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌ လူငယ်နှင့် မူးယစ် ဆေးဝါးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး Community Centre ခန်းမ၌  ယနေ့နံနက်(၁၁) နာရီအချိန်က လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

မိုးညိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် Book Club၊ Women Club ၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း (Women Club) ၊ ဝါသနာတူ လူငယ်များအသင်း (Youth Club) တို့ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် "လူငယ်နှင့်အပြောင်းအလဲ" စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲ (၂) နာရီက လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် လူထုအခြေပြုဗဟိုဋ္ဌာနခန်းမ၌ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ဒလမြို့နယ်၌စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များမှ Book Club စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာရေးဆရာ ကိုကိုလင်း (အမေ့အိမ်) ရေးသားသည့် လူကြီးတွေကစပြင်ပါစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်၌ စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းက ကဗျာဆရာမ လွန်းသီ(ခန္တီး)၏ ချစ်သော စာရာမေရိနှင့် ရင်တွင်းဖြစ်ကဗျာများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ ကျားမအခြေပြု အကြမ်းဖက်မှုများအကြောင်းကို ကျယ်ပြန့်စွာ သိရှိစေရန် အသိပညာပေး Talk Show ရိုက်ကူးထုတ်လွှင့်

ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျားမအခြေပြု အကြမ်းဖက်မှုများအကြောင်းကို ကျယ်ပြန့်စွာသိရှိစေရန်အတွက် အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ