ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ထန်းတပင်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာရေးဆရာ​​အောင်ကိုဦးရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း(Book Club) အဖွဲ့တို့ ပူး ပေါင်း၍( Community Centre)ခန်းမတွင် ကျောင်းသား၊ လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်များ ရရှိစေရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရေးစာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်စေရေး၊ မိဘဆရာများအပေါ် ရိုသေကိုင်းရှိုင်းတတ်စေရန် ရည်ရွယ်၍ စာရေးဆရာအောင်ကိုဦး ရေးသားသည့် မြန်မာလူငယ်တွေ ဘာကြောင့်မအောင်မြင်တာလဲစာအုပ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်

တောင်ငူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့နံနက် ၁၁ နာရီက  ရိုက်ကူးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စာဖတ်ဝိုင်း ကျင်းပ

မကွေးတိုင်းဒေသ​ကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် မေလ ၁၀ ရက်နေ့ ညနေပိုင်းက စာရေးဆရာ ဝတ်ရည်ခင်(ပဲခူး)ရေးသားသည့် "မြန်မာ့မေတ္တာစွမ်းကမ္ဘာကို လွှမ်းစေရမည်နှင့် ကလေးဝတ္ထုတိုများ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ပခုက္ကူမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ပွဲအစီအစဉ်ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မုန်တိုင်းအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကြိုတင်ပြင်ဆင်မှု ပြုလုပ်နိုင်ကြစေရန်ရည်ရွယ်၍ မုန်တိုင်းအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေး(Talk Show) ပွဲအစီအစဉ်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

ချမ်းမြသာစည်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အသိပညာပေး(Talk Show) ကျင်းပပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ချမ်းအေးသာစံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေး မြေစိုက်နံရံကပ်ဘုတ်ပြသ

မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လျက်ရှိသည့် မုန်တိုင်းအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးပြသခြင်းကို မေလ ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ပေါက်မြို့၌ အပူဒဏ်ကာကွယ်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲ ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အပူဒဏ်ကာကွယ်ရေး အသိပညာပေး (Talk Show )ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြုလုပ်သည်။

ဝေါမြို့နယ်၌ မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ကာ ပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေပေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် မြို့နယ်သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မုန်တိုင်းအန္တရာယ် သတိပြုကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

နတ်တလင်းမြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန( Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်  ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်းကာ ယနေ့နံနက်(၁ဝ)နာရီက ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်ခဲ့သည်။

ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Online Shopping နှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၉)နာရီက (Online Shopping)နှင့်ပတ်သက်၍ စားသုံးသူပြည်သူများ ဝယ်ယူခြင်းမပြုမီ သတိပြုရမည့်အချက်များအကြောင်း အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကျင်းပခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ