ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ အခြေခံတိုက်ကွမ်ဒိုသင်တန်း(အခမဲ့) ဖွင့်လှစ်

ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးစေရန်နှင့် အချိန်ကိုအကျိုးရှိစွာကုန်ဆုံးစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း)၊ လူထုအခြေပြုဗဟိုဌာန Community Centre၌ အခြေခံတိုက်ကွမ်ဒိုသင်တန်း(အခမဲ့)ကို ယမန်နေ့ နေ့လယ် ၁ နာရီ က ဖွင့်လှစ်ခဲ့သည်။

ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းကြယ်သီး ထိုးနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပန်းကြယ်သီးထိုးနည်း (အခမဲ့) သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

စမ်းချောင်းမြို့နယ် Community Centre ခန်းမ၌ ကမ္ဘာကြက်ခြေနီနေ့အကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အ‌နောက်ပိုင်းခရိုင်၊ စမ်း‌ချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ​ကမ္ဘာကြက်​ခြေနီ​နေ့အ​ကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကိုဗစ်-၁၉ ရောဂါ အသိပညာ‌​ပေး နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ အသိပညာ​ပေး နံရံကပ်စာ​စောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံးမှ ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရေးအတွက် အသိပညာပြန့်ပွားရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

လောင်းလုံးမြို့၌ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေးအန္တရာယ်နှင့် ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်အသိပညာပေး နံရံကပ်စာစောင်များပြသဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့တွင် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းဘေး အန္တရာယ်နှင့်ပတ်သက်၍ သဘာဝဘေအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွှဲ (၂)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ ဆောင်ရွက်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး  နံရံကပ်စာစောင်ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့မြေစိုက်နံရံကပ်ဘုတ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။

ပြည်မြို့ "ဆုံစည်းရာစာဖတ်ဝိုင်း" (Book Club)အဖွဲ့၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် စာဖတ်ဝိုင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ စာရေးဆရာ/ကဗျာဆရာများနှင့် စာပေချစ်မြတ်နိုးသူ စာပေဝါသနာရှင်များ စုပေါင်း၍  ၂၀၁၈ ခုနှစ် မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော "ဆုံစည်းရာစာဖတ်ဝိုင်း" (Book Club)အဖွဲ့၏ (၅)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားနှင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

တောင်ဥက္ကလာပမြို့နယ်တွင် လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊‌ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌  ယနေ့ နံနက်(၁၀) နာရီအချိန်က လူငယ်နှင့်စာဖတ်ခြင်း ဆွေးနွေးပွဲ Talk Show ပြုလုပ်‌ဆောင်ရွက်ခဲ့ပါသည်။

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန (Community Centre )၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချ တတ်စေရန်၊ စာပေဖတ်ရှုသည့် အလေ့အထများရရှိစေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက် မြင့်မားလာစေရန်အတွက်  စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့၊ ညနေ ၃ နာရီက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်(ဗဟန်း) လူထုအခြေပြု ဗဟိုဌာန (Community Centre) ရှိ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ