ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ငဖဲမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့မရပ်ကွက် အခြေခံပညာမူလတန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

မြို့သစ်မြို့နယ်တွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကျောင်းသားကျောင်းသူများ ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်အချက်များ သိရှိစေရန်အတွက် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက လယ်ပြင်ရပ်ကွက်ရှိ မြို့မအခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုမိုးဦးကာလအတွင်း ပန်းထိမ်မနိုင်ပန်း စိုက်ပျိုးသူများ စျေးကောင်းရ၍ မိသားစုဝင်ငွေ တိုးလျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊  ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။

ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ” စာကြည့်တိုက်အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ အလယ်ရွာကျေးရွာ၌ “ပန်းပျိုးသူ”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြု‌သောအားဖြင့် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မအူကုန်းစည်ပင်သာယာဝန်ထမ်းအိမ်ရာဝန်း အနောက်ဘက်ခြမ်းရှိ ရထားသံလမ်း‌ဘေးတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစု‌ပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်း အနားကို ၂၅ ရက်နေ့၊ (၀၈း၃၀)အချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မြန်အောင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဥ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် အခြေခံပညာမူလတန်းအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်‌နေ့မွန်းလွဲ (၁)နာရီအချိန်က ဆင်သေကျေးရွာ၊ တရုတ်ဘုံကျောင်းတွင် ပြုလုပ်ခဲ့သည်။

နတ်တလင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာတက်ကြွသောလူကြီးဘဝရရှိစေရေး အခမဲ့ ကျန်းမာ ရေးစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို လစဥ်ဆောင်ရွက်လျက်ရှိရာ နတ်တလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ဇွန် ၂၃ရက် နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ပြည်ခရိုင်‌ (ဇီးအုပ်)တောင်သူလယ်သမားသင်တန်းကျောင်း၌ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ (ဇီးအုပ်) တောင်သူလယ်သမားသင်တန်းကျောင်း၌ ယမန်နေ့နံနက်ပိုင်းက တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းအမှတ်စဉ်(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကျင်းပရာ ပြည်ခရိုင်နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီအဖွဲ့များ၊ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် ပြည်ခရိုင်နှင့်နတ်တလင်းခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသားတောင်သူ(၄၀)ဦး တက်ရောက်ကြသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ