ပန်းဘဲတန်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ မူးယစ်ဆေးဝါး အကြောင်းအရာများနှင့် ကွမ်းစားခြင်း၏ဆိုးကျိုးအကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့က အ.ထ.က (၂) ပန်းဘဲတန်းတွင် ကျင်းပခဲ့သည်။