ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

နတ်မောက်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ​အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

သာယာဝတီမြို့နယ်၌ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကလေးသူငယ်များ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ ဇွန်လ (၁၆) ရက်နေ့ နံနက် ၉ နာရီအချိန်က ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပခဲ့သည်။

သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲဆုချီးမြှင့်ပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက်(၁၁)နာရီက အခြေခံပညာအလယ်တန်းကျောင်း(လေးအိမ်စု)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ အစည်းအဝေးခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။

ရွှေကျင်မြို့တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က ပွဲကုန်းရပ်ကွက် အခြေခံပညာအလယ်တန်း‌ကျောင်းခွဲ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲနှင့် ပြိုင်ပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ဟောပြောပွဲ၊ ပြိုင်ပွဲများ၊ နံရံကပ်စာ‌စောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ပြည်မြို့ အ.ထ.က (၂) နဝဒေးခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောနှင့် လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား၊ ကျောင်းသူများ အငိပညာဗဟုသုတမြင့်မားပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၂) ခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။

ငဖဲမြို့နယ်၌  စာအုပ်စာပေချစ်မြတ်နိုးသူများပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ခန်းမ၌ မြို့နယ်စာအုပ်စာပေချစ်မြတ်နိုးသူ (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ နန္ဒာသိန်းဇံရေးသားသော  ခရောင်းလမ်းကိုဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က  ဆောင်ရွက်သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ