ကြံခင်းမြို့နယ်၊ ကံရွာအခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ကံရွာကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) တွင် အောက်တိုဘာလ (၁) ရက်နေ့နံနက်ပိုင်းက စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးလှုပ်ရှားမှုကွင်းဆင်းဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာသုံးရေးရာဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် Book Club အဖွဲ့တို့ပူးပေါင်း၍ အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။