ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးနှင့် ကျောင်းသား၊ ကျောင်းသူတို့ပူးပေါင်းကာ တက္ကသိုလ်ဘုန်းနိုင်ရေးသားသည့် “သူ့ကျွန်မခံပြီ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။