ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကို  ယနေ့ နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး​၊ ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Women Club) အဖွဲ့ဝင်များ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆရာကြီး ဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာ ရေးဖွဲ့ထားသော “အညတြ”စာအုပ်ဖြင့် ယ​နေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။

မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) တို့ပူးပေါင်း၍ စာရေးဆရာကြည်မင်း‌ဝေ (ဆင်ကျွန်း)၏ တိမ်ရိပ်ခိုဘဝများစာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ရွှေဘိုခရိုင်ရုံးတွင် ​မောင်ခင်မင် (ဓနုဖြူ) ၏ "အ​မွေခံတစ်​ယောက် အ​မွေ​ပေးသူတစ်ရာ "စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပ

စစ်ကိုင်းတိုင်း​ဒေသကြီး ​ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Youth Club) အဖွဲ့ဝင်များပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ​မောင်ခင်မင် (ဓနုဖြူ) ရေးသားသည့် “အ​မွေခံတစ်​ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း‌ကျင်းပပြုလုပ်ခဲ့သည်။

ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ စာဖတ်ဝိုင်းကျင်းပ

စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက မြို့နယ်စာရေးဆရာအသင်း Book Club အဖွဲ့ဝင်များက စာရေးဆရာ ဇွဲသန့်(ဈေးကြီး)၏ မြန်မာမလေးတွေရိုးရိုးယဥ်ယဥ်လှစေချင် စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရုံးစာရေးသားနည်းသင်တန်း (၂/၂၀၂၄) ဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရုံးစာရေးသားနည်းသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့၌ နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နို့တိုက်မိခင်များအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။         

ညောင်တုန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်  

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယနေ့နံနက်ပိုင်းမှစ၍ အေးချမ်းစွာ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

တောင်ငူမြို့၌ မြို့နယ်ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ဗီဒီယိုအခြေခံအဖွဲ့မှဦးဆောင်၍ တောင်ငူမြို့နယ် ဗီဒီယိုအခြေခံအဖွဲ့၊ ဖွဲ့စည်းတာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရေနံချောင်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်မြို့နယ်၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ