ရမည်းသင်းမြို့တွင် မြို့နယ်အဆင့် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် အခြေခံပညာဦးစီးဌာန ကြီးမှူး၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၇)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ရမည်းသင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမ၌ ကျင်းပသည်။