ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံဂစ်တာတီးသင်တန်း ဖွင့်လှစ်သင်ကြားပေး
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် နွေရာသီကျောင်းပိတ်ချိန် ကျောင်းသားလူငယ်များ ဂစ်တာတီးအခြေခံပညာရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီကစတင်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ အခြေခံဂစ်တာတီးသင်တန်းအား အခမဲ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။