ချမ်းမြသာစည်မြို့နယ်တွင် စာရေးကိရိယာများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ ပုညနန္ဒာဓမ္မာရုံတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းတွင် ယနေ့မွန်းလွဲ ၂ နာရီက ဗလာစာအုပ်နှင့် စာရေးကရိယာများ လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။