အမြို့မြို့အနယ်နယ်သတင်းများ

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် နွေရာသီကြက်ခြေနီသင်တန်းဖွင့်ပွဲ တက်ရောက်

နွေရာသီကျောင်းပိတ်ရက်ကာလတွင် လူငယ်များ အချိန်ကိုတန်ဖိုးရှိစွာအသုံးချ၍ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးစေရန်၊ အရည်အချင်းမြင့်မားပြီး အတွေးအခေါ်မှန်ကန်၍ ဗလငါးတန်နှင့် ပြည့်စုံကာ ဘက်စုံဖွံ့ဖြိုးတိုးတက်သော နိုင်ငံ့သားကောင်းလူငယ်များပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နွေရာသီသင်တန်းများကို အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ပေးလျက်ရှိသည်။

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့သာ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုမှ အခန်းပိုင်ရှင်များအား နိုင်ငံတာ်မှထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော အောင်မြေသာစံမြို့နယ်အတွင်းရှိ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုတို့မှ တိုက်ခန်း (၁၉၈)ခန်းအတွက် နိုင်ငံတော်မှ  ထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ပေးအပ်ပွဲကို မတ် ၂၆ ရက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ မုန်တိုင်ဓမ္မာရုံတွင် ကျင်းပသည်။

မင်းလှမြို့နယ်၌ အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရာတွင် အရည်အသွေးမြင့် ပေါ်ဆန်းမွှေးမျိုးများ လုံလောက်စွာရရှိစေရန်ရည်ရွယ်၍ မျိုးစေ့ထုတ် အရည်အသွေးကောင်း ရေဆင်းပေါ်ဆန်းစပါးမျိုးများစိုက်ပျိုးထားရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ပျော်ဘွယ်မြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှု တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်

ပျော်ဘွယ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး တစ်နှစ်ပြည့်အထိမ်းအမှတ် ပရိတ်တရားတော်များ လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို မတ် ၂၈ ရက်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့် လှည့်လည်ရွတ်ဖတ်ပူဇော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ရမည်းသင်းခရိုင်၌ (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအခမ်းအနားပြုလုပ်

ရမည်းသင်းမြို့၊ ရွှေစည်းခုံရပ်ကွက်၊ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်မှုဖြင့် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မတ် ၂၈ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။မ

ကျိုင်းတုံမြို့၌ ဆရာတော်ကြီးငါးပါးအား ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ဆရာတော်ကြီးငါးပါးအား ဂုဏ်ပြုသည့်အနေဖြင့် မီးရှူး၊ မီးပန်း၊ မီးပုံးပျံများ လွှတ်တင်ပူဇော်ပွဲအခမ်းအနားကို မတ် ၂၇ ရက်က ကျိုင်းတုံဟော်နန်းရှေ့၊ နောင်တုံကန်ပတ်လမ်းတွင် ကျင်းပရာ ကျိုင်းတုံမြို့၊ သီလဓမ္မကုန်းသာတောရကျောင်းတိုက်မှ ဝစီပိတ်ဆရာတော် ဘဒ္ဒန္တကောဝိဒ၊ တာချီလိတ်မြို့၊ မဟာဗောဓိကမ္မဌာန်းကျောင်းမှ ဆရာတော် ဘဒ္ဒန္တဉာဏသီရိနှင့် သံဃာတော်များ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမင်းမင်းလွင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသူများ‌ တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပ

၂၀၂၆ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြ သည်။

နမ့်စန်တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် ၂ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းဌေး နှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္က ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မဟာသင်္ကြန်ပွဲတော် ဖြစ်မြောက်ရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ငပုတောမြို့နယ်၌ စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်‌အတွင်း ရောင်းချလျက်ရှိသော ဆုဈာန်စက်သုံးဆီအရောင်းဆိုင်ရာ စက်သုံးဆီပြတ်လတ်မှုမရှိစေရေးနှင့် မီးဘေးလုံခြုံရေး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ အတွင်းရေးမှူးရဲမှူး ခင်မောင်စိုးနှင့်အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်နီလာဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အမှတ်(၁)ရပ်ကွက် ကံမြင့်ကျောင်းတိုက်၊ မြင့်မိုရ်ပရိယတ္တဗိမ္မာန်၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ