မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျခဲ့သာ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုမှ အခန်းပိုင်ရှင်များအား နိုင်ငံတာ်မှထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်
မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသော အောင်မြေသာစံမြို့နယ်အတွင်းရှိ စကိုင်းဗီလာနှင့်အင်ကြင်းကွန်ဒိုတို့မှ တိုက်ခန်း (၁၉၈)ခန်းအတွက် နိုင်ငံတော်မှ ထောက်ပံ့ငွေနှင့်အိမ်ဆောက်ပစ္စည်းများ ပေးအပ်ပွဲကို မတ် ၂၆ ရက်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ မုန်တိုင်ဓမ္မာရုံတွင် ကျင်းပသည်။