အမြို့မြို့အနယ်နယ်သတင်းများ

ချမ်းမြသာစည်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီး ဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက် နေ့လယ် ၁၂ နာရီက ချမ်းမြသာစည်မြို့နယ် အမှတ် (၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖြေဆိုလျက်ရှိသည်။

ဘုတ်ပြင်းမြို့၌ နိုင်ငံတော်မှချီးမြှင့်သော သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် သာသနဓ ဇဓမ္မာစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏဝိသိဋ္ဌပူဇာ မင်္ဂလာအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် နိုင်ငံတော်မှချီးမြှင့်သည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် သာသနဓဇဓမ္မစရိယဘွဲ့တံဆိပ်တော်ရ ဆရာတော် အရှင်ဓမ္မ ဉာဏအား ဂုဏဝိသိဋ္ဌပူဇာ သဘင်အခမ်းအနားကို ယနေ့နံနက်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်(၂)ကျေးရွာ အောင်သုခကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်မြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော  ပါဠိပထမပြန် စာမေးပွဲကို ယနေ့ နေ့လယ်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီးအတွင်း၌ စတင်ဖြေဆိုခဲ့သည်။

အမရပူရမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂ဝ၂၆ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက် နေ့လယ် ၁၂ နာရီက အမရပူရမြို့၊ လေးစုရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကလောမြို့နယ်၌(၉၄)ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးပွဲပထမရက်ဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ကလောခရိုင်၊ကလောမြို့၊မဟာဓမ္မိကာရာမသိမ်တောင်ပရိယတ္တိစာသင်တိုက်၌  မတ် ၂၉ ရက် မွန်းတည့် ၁၂ နာရီက(၉၄)ကြိမ်မြောက်အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမရက်တွင် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်းနှင့်အခြေပြုမူလတန်းများဖြစ်သည့် သံဃာတော် နှင့်သီလရှင်အပါအဝင်စုစုပေါင်း ၅၆၉ ပါးစာရင်းပေးသွင်းထားပြီး ၅၁၅ ပါးဖြေဆိုကာ ၅၄ ပါးပျက်ကွက် ကြောင်းသိရသည်။

ပေါင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အင်္ဂလိပ် Grammar သင်တန်းဆင်းပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ အင်္ဂလိပ် Grammar သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁) နာရီက ပြုလုပ်ခဲ့သည်။

ပုသိမ်ကြီးမြို့၌ ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၆ ခုနှစ် ပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆိုခြင်းကို ယနေ့ မွန်းတည့် ၁၂ နာရီက သီရိမင်္ဂလာ သရက်တောကျောင်းတိုက်၌ ရဟန်း၊ သီလရှင် စုစုပေါင်း  ၅၉၄ ပါး ဖြေဆိုတော်မူကြသည်။

နမ့်စန်မြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ စတင်ဖြေဆို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ် အမှတ်(၄)ရပ်ကွက်ရှိ မြို့ဦးသီရိမင်္ဂလာကျောင်းတိုက် စာဖြေဌာနအတွင်းတွင် ယနေ့ နေ့လယ် ၁၂ နာရီ ကစတင်ကျင်းပခဲ့ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်၌  အစိုးရဓမ္မာစရိယနှင့်ပါဠိပထမ​ပြန် စာမေးပွဲများဖြေဆိုလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်နိုင်ငံတော်အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများကို ဆုတောင်းပြည့်ကျိုက္ကစံစေတီဓမ္မဗိမာန်တော်ကြီး၊ မင်္ဂလာဗဟိုမဏ္ဍပ်၊ ပြားတစ်ရာဓမ္မာရုံနှင့် လယ်တီဝိပဿနာကျောင်းတိုက်တို့၌  ယနေ့မွန်းတည့် ၁၂ နာရီက ဘာသာရပ်အလိုက် ဆက်လက်ဖြေဆိုလျက်ရှိရာ သင်္ဃန်းကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး အစိုးရဓမ္မာစရိယ  စာမေးပွဲဖြေဆိုလျက်ရှိသည့် သံဃာတော်၊ သီလရှင်များအား ဖူးမြော်ကြည်ညိုသည်။

ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ) တန်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီက ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ