အမြို့မြို့အနယ်နယ်သတင်းများ

မဟာအောင်မြေမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန် စာမေးပွဲစတင်ဖြေဆို

‎မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက မစိုးရမ်တိုက်သစ်၌ ကျင်းပသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဖြေဆို

သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၈ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်တွင် ဆက်လက်ကျင်းပသည်။

ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ယဥ်ကျေးလိမ္မာသင်တန်းများ ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ နွေရာသီကျောင်းပိတ်ချိန်တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာ၊ အတတ်ပညာသာမက ကိုယ်ကျင့်တရားနှင့် ယဉ်ကျေးမှု မြင့်မားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ လိမ္မာရေးခြားရှိစေရန် ရည်ရွယ်၍ ယဥ်ကျေးလိမ္မာသင်တန်းများဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက် ၉နာရီက ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်အမှတ်(၅)ရပ်ကွက်ရှိ ရွှေဘုန်းရောင်ဓမ္မာရုံတွင် သင်ကြားလျက်ရှိသည်။

ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် (၁၂) နာရီအချိန်မှစတင်၍ အမှတ် (၄) ရပ်ကွက်ရှိ ''ငြိမ်း" လှိုင်ထိပ်ထားသာသနဗိမာန်တော်ကြီး၌ ကျင်းပသည်။

ကျောက်တံခါးမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ် ပါဠိပထမပြန် (ကြီး၊ လတ်၊ ငယ်၊ မူ) တန်း စာမေးပွဲပထမနေ့ကို ယနေ့ နေ့လယ် (၁၂) နာရီက မြို့နယ်စပင်သာယာခန်းမ၌ စတင်ဖြေဆိုခဲ့ကြသည်။

ပျော်ဘွယ်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေကြီး၊ ပျော်ဘွယ်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၆ ခုနှစ် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၉ ရက်၊ နေ့လည် ၁၂ နာရီက ရှမ်းပွဲရပ်ကွက်ရှိ မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်တွင် စတင်ဖြေဆိုကျင်းပလျက်ရှိကြောင်း သိရသည်။

တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ လှော်ကားသဘာဝဥယျာဉ်သို့ MountainBike(MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ကန်ပတ်လမ်းရှိတိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)ဝင်ပေါက်ရှေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ လှော်ကားသဘာဝဥယျာဉ်သို့ MountainBike(MTB)လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကိုယနေ့နံနက်(၆)နာရီက ကျင်းပသည်။

လက်ပံတန်းမြို့တွင် စူဠဘွဲ့နှင်းသဘင်နှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်နှင့်ပါဠိပထမပြန်စာမေးပွဲကို ယနေ့ နံနက် ၉ နာရီက ဘုရားကြီးကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။

မိုးနဲမြို့ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား ရင်ပြင်ပေါ်သို့ ပင့်ဆောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်ရှိ မြောက်နှစ်ကျိပ်ရှစ်ဆူ ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ဘက်စုံမွမ်းမံပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် ကြံ့ခိုင်မှု အားနည်းနေပြီဖြစ်သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့အား စေတီတော်အထွတ်မှ ရင်ပြင်ပေါ်သို့ပင့်ဆောင်ခြင်းမင်္ဂလာအခမ်းအနားကို မတ်လ ၂၈ ရက် နံနက်ပိုင်းက အဆိုပါစေ‌တီတော်မြတ်ကြီးဝင်းအတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ (၁၆)နှစ်မြောက် အမှတ် (၁၀၀၈) နယ်ခြားစောင့်တပ်ရင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲ ဆုချီးမြှင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင် မိုင်းယုမြို့တွင် (၁၆)နှစ်မြောက် အမှတ် (၁၀၀၈)နယ်ခြားစောင့်တပ်ရင်း နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ် (၁၀၀၈) နယ်ခြားတပ်ရင်း၏ အားကစားကွင်း၌ ကျင်းပသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ