အမြို့မြို့အနယ်နယ်သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ အစိုးရပါဠိပထမပြန် စာမေးပွဲကို (ပထမနေ့) အဖြစ် မတ် ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီက ဆိပ်ကြီးအနောက်ရပ်ကွက် ၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ ဗုဒ္ဓဝင်သကျောင်‌ဆောင်စတင်ကျင်းပပြုလုပ်ရာ စာမေးပွဲတွင် ဝိနည်းကျင့်ဝတ် / သုကုမာရမဂ္ဂဒီပနီ ဘိက္ခုပါတိမောက်ဘာသာ/ ဒွေမာတိကာဘာသာရပ်ကို ပထမကြီးတန်း (၃) ပါး၊ ပထမလတ်တန်း (၁)၊ ပထမငယ်တန်း (၃) ပါး၊ အခြေပြုမူလတန်း (၅) ပါး စုစုပေါင်း စာဖြေသံဃာတော် (၁၂) ပါး ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ကြို့ပင်ကောက်မြို့နယ်၌ စူဠဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစာရိယနှင့် ပါဠိပထမပြန်စာမေးပွဲများတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များနှင့် သီလရှင်ဆရာလေးများအား စာအောင်လက်မှတ်နှင့် ဆုများဆပ်ကပ်အပ်နှင်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုက်ကျောင်းပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စက်သုံးဆီနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က ခရိုင်ထွေ/အုပ်ရုံးခန်း၌ ကျင်းပခဲ့သည်။

မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးလက်ကုန်ထုတ်လမ်း၊ တံတား၊ ရေပေးဝေရေး၊ VDP နှင့် SMART VILLAGE လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မတ် ၃၀ ရက်နေ့နံနက်က  မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအစည်းဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

မိုင်းနောင်မြို့တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေအား တာဝန်ရှိသူများက ကြည့်ရှုအားပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲ ကျင်းပနေမှုအခြေအနေများအား မန်ဆူရှမ်းကျောင်းတိုက်ဆရာတော်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး (လားရိုး)မှ ရဲမှူးကြီး ခင်မောင်ညွန့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေး အသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက မတ် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်တွင် ဆောင်ရွက်လျက်ရှိသည်။

သံတောင်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာပေများပုံမှန်ငှားရမ်းပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်သည် ရုံးဖွင့်ရက်များအတွင်းတွင် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ စာအုပ် စာစောင် သုတ/ရသ၊ ဗဟုသုတရရှိစေသည့် စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက စာကြည့်တိုက်တွင်းသို့ စာအုပ်၊ စာစောင်များ နေ့စဉ်လာ ရောက်ငှားရမ်း ဖတ်ရှုလျက်ရှိကြောင်း သိရသည်။

ဝေါမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲများ ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများကို မတ်လ ၂၉ ရက်နေ့မှစတင်ကာ ရွှေဘုန်းပွင့်ဓမ္မရိပ်သာ၌ ဖြေဆိုခဲ့ကြောင်းသိရသည်။

မင်းဘူးမြို့၌ လူကုန်ကူးခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ထောက်ပံ့ငွေများပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လူကုန်ကူးခံရပြီး၊ ကမ္ဘောဒီယားနိုင်ငံ ကျားဖြန့်လုပ်ငန်းသို့ပို့ဆောင်ပြီး၊ Online ငွေကြေးလိမ်လည်မှုလုပ်ငန်းအား အဓမ္မစေခိုင်းခံရသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငယ်တစ်ဦးအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ