အမြို့မြို့အနယ်နယ်သတင်းများ

ပင်လုံမြို့၌ (၅၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန် စာမေးပွဲဖြေဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့တွင် ကျင်းပပြုလုပ်သည့် (၅၉)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီက မဟာရဌာဘိသာမဂ္ဂီ စေတီတော် သာသနာ့ရက္ခိတ ဗိမ္မာန်တော်၌ ကျင်းပပြုလုပ်ခဲ့ရာ ယနေ့နေ့လယ်၌ ကစ္စည်းသဒ္ဒါကြီးစာမေးပွဲဆက်လက်ဖြေဆိုခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ် တို့၌ ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆိုနေမှုအား ဖူးမျှော်ကြည်ညို

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ချမ်းမြေ့ရိပ်သာကျောင်း၊ မဟာအတုလအောင် ဓမ္မဗိမာန်တော်နှင့် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်သာသနာ့လင်္ကာရ သာသနာ့ဗိမာန်တို့တွင် ယမန်နေ့နေ့လယ် ၁၂ နာရီက စတင်ဖြေဆိုခဲ့သည်။

မိုးနဲမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲအား သံဃာ(၆၀)ပါး ဝင်ရောက်ဖြေဆို

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဥယျာဉ်ဘုန်းတော်ကြီးကျောင်း၌ မတ်လ ၂၉ ရက်နေ့မှ စတင်ကာ အစိုးရပါဠိပထမပြန်စာမေးပွဲအား ဖြေဆိုလျက်ရှိရာ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က သံဃာ(၆၀)ပါး ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၆ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

လဲချားမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်တွင် မတ်လ ၁၅ ရက်နေ့တွင် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့သော ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဝမ်ဆန်းအုပ်စု ကောင်းခံရွာသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပ

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးနှင့် စိတ်လူမှုဆက်ဆံရေး မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် စိတ်ပိုင်းဆိုင်ရာကျန်းမာ‌ရေးနှင့် စိတ်လူမှုဆက်ဆံရေ မြို့နယ်အဆင့် ဆင့်ပွားဆွေးနွေးပွဲကို မတ် ၂၉ ရက်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။

ချောင်းဆုံမြို့နယ်၌ ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ပရိယတ္တိသာသနာတော်ထွန်းကားပြန့်ပွားစေရေးအတွက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကကြီးမှူး၍ နှစ်စဉ်ကျင်းပသည့်  ၂၀၂၆ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ဒုတိယနေကို ယနေ့ မွန်းတည့် ၁၂ နာရီက ချောင်းဆုံအနောက်ရပ်ကွက် မင်းကျောင်းသာသနာ့ဗိမာန်၌ ဆက်လက်ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်ဆီရောင်းချပေးနေမှုအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ဒီဇယ်ဆီ ရောင်းချပေးနေမှုအား မတ် ၃၀ ရက်နေ့နံနက်ပိုင်းက မြို့နယ်ရှိ တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြပ်မတ်ခဲ့ကြသည်။

ပခုက္ကူမြို့၌ နွေရာသီအားကစားနည်းများ သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ဖွင့်လှစ်ခဲ့သော နွေရာသီအားကစားနည်းများ သင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲ ၃နာရီအချိန်က ခရိုင်အားကစားကွင်းအတွင်းရှိ မိုးလုံ‌လေလုံအားကစားရုံခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ