အမြို့မြို့အနယ်နယ်သတင်းများ

ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက် တောင်ခြေလမ်းနှင့် နောင်ပလူးလမ်းအရှည် (၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ် ဖွင့်လှစ်

ရှမ်းပြည်နယ် (​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ အမှတ်(၂)ရပ်ကွက် တောင်ခြေလမ်းနှင့် နောင်ပလူးလမ်းအရှည်(၂၃၀၀)ပေ/လမ်းအကျယ်(၁၂)ပေ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်းဖဲကြိုးဖြတ်ဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ဆောင်ရွက်ခဲ့သည်။

ကန့်ဘလူမြို့၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၉ ရက်မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ပထမနေ့ ဝိနည်းကျင့်ဝတ်၊ သုကုမာရမဂ္ဂဒီပနီ၊ ဘိက္ခုပါတိမောက်၊ ဓမ္မပဒ၊ ဒွေမာတိကာဘာသာကို ဖြေဆိုခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပ

၂၀၂၆ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း၌ စာဖြေဌာနအသီးသီးတွင် မတ်လ(၂၃)ရက်မှစတင်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို (၉)ရက်တိုင်တိုင်နှင့် ပါဠိပထမပြန်စာမေးပွဲကို (၇) ရက်တိုင်တိုင် ကျင်းပလျက်ရှိရာ မြိတ်စာဖြေဌာနကို မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ယမန်နေ့မွန်းလွဲပိုင်း၌ ပါဠိပထမပြန်စာမေးပွဲကို ကျင်းပလျက်ရှိသည်။

ကျောက်ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Mobile Phone ဖြင့် ဓာတ်ပုံနှင့် ဗီဒီယို(အခြေခံ) ရိုက်ကူး/တည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နွေရာသီကာလ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်များအချိန်ကိုအကျိုးရှိစွာအသုံးပြုတတ်စေရန်နှင့် ဘာသာစကားနှင့် နည်းပညာများ အလွယ်တကူ သင်ယူလေ့လာနိုင်စေရန် နွေရာသီ သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ၊ Mobile Phone ဖြင့် အခြေခံဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူး/ တည်းဖြတ်နည်း သင်တန်းကို မတ် ၃၀ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန၌ ဖွင့်လှစ်သည်။

ငွေဆောင်မြို့၊Myanmar Treasure (Ahtinkaya) ဟိုတယ်၌ မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ မီးသတ်ဦးစီးဌာနမှ ဟိုတယ်ဝန်ထမ်းများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းတို့ကို ယမန်နေ့ညနေပိုင်းက ငွေဆောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ Myanmar Treasure (Athinkaya)ဟိုတယ်၌ ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့ Community Centre ခန်းမ၌ ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲ ကျင်းပ

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ) ရှိ Community Centre ခန်းမတွင် ယ‌နေ့နံနက် ၁၁ နာရီအချိန်က ပုံတူပန်းချီရေးဆွဲခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်နေပြီး အသီးအထွက်နှုန်းကောင်းမွန်ရန်မျှော်လင့်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့်နှစ် ရှည်ဉယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိကအားထားလုပ်ကိုင် အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများအားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုး ဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး  ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း  လိုင်ချီးစိုက်တောင်သူများ မျှော်လင့်ကြကြောင်းသိရသည်။

တောင်သာမြို့၌ ပါဠိပထမပြန်စာမေးပွဲကျင်းပဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့ အမှတ် ၆ ရပ်ကွက်အတွင်းရှိ ဗိမာန်၌ ယမန်နေ့မွန်းတည့် ၁၂ နာရီက မြို့နယ်သံဃာ့နာယကဆရာတော်များ၏ ကြီးကြပ်မှုဖြင့် ပါဠိပထမပြန် စာမေးပွဲ (ကြီး၊ လတ်၊ ငယ်၊ မူ)တန်းများ ဖြေဆိုတော်မူခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့  ရှင်ဂျော့ဂျက် ဘုရားကျောင်းတွင် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ရှင်ဂျော့ဂျက်ဘုရားကျောင်းမှ ဓမ္မပညာဆရာမများကဦးဆောင်၍ ကလေးသူငယ်များ နွေရာသီအားလပ်ရက်များတွင်  ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန် များတွင် အချိန်ကိုတန်ဖိုးရှိစွာ အသုံးပြုတတ်စေရန်၊ ထူးချွန်ထက်မြက်သည့် ကလေးသူငယ်များဖြစ်စေရန်အတွက် နွေရာသီဓမ္မပညာသင်တန်းဖွင့်လှစ်ခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က ရှင်ဂျော့ဂျက်ဘုရားကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် အားကစားကွင်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းအဖြစ် အားကစားကွင်း အတွင်းပတ်လမ်းနှင့် အပြင်ပတ်လမ်းအုတ်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းများကို မင်းဘူးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၄)ရပ်ကွက်ရှိ အဆိုပါအားကစားကွင်း၌ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ