အမြို့မြို့အနယ်နယ်သတင်းများ

မွန်ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား) လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့် မော်လမြိုင်မြို့၊ မြဆည်းဆာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တနရိန္ဒ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနား တက်ရောက်

မော်လမြိုင်မြို့၊ မြဆည်းဆာပရိယတ္တိစာသင်တိုက်၊ မြဆည်းအာ ဘိုးဘွားများ ခိုလှုံရာရိပ်သာနှင့် နဂါးမောက်စေတီတော်မြတ်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တနရိန္ဒ ၏ သက်တော်(၄၈)နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာ အခမ်းအနားနှင့် နဂါးမောက်စေတီတော်မြတ်ကြီး သာသနာ အလုပ်အကျွေးပြု ဆင်တော်မင်္ဂလာ(၅)စင်းမှ စေတီတော်မြတ်ကြီးထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ တောင်ရိုးတန်းရှိ နဂါးမောက်စေတီတော်မြတ်ကြီး၏ နဂါးမောက်ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ ဝန်ကြီးချုပ်(ကိုယ်စား)လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်များက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် (အဘိဓဇမဟာရဌဂုရု) ဘဒ္ဒန္တဝိမလဗုဒ္ဓိ အရှင်သူမြတ်ထံမှ ရှစ်ပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္စျာယ် ချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

လွိုင်ကော် ပညာရေးဒီဂရီကောလိပ်၌ လူငယ်စကားဝိုင်းကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်မှ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်သည်။

ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့တွင် ဇရပ်လှကျေးရွာအုပ်စုနှင့် ပဲကြီးကျေးရွာအုပ်စုရှိ ဒေသခံတောင်သူများ အားမိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄) ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနား အင်းစိန်၌ ကျင်းပ

မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(ဗဟို) ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (၁၄)ကြိမ်မြောက် မူးယစ်ဆေးဝါးဆန့်ကျင်ရေး ကျပန်းစကားပြောပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျောက်ဆည်ဓမ္မာရုံခန်းမတွင် ကျင်းပသည်။

ဘောလခဲမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ဖြန့်ဝေပေးခဲ့သည်။

သထုံမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်) ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်ကြီးကြပ်မှုဖြင့် သစ်တောဦးစီးဌာနမှပြုလုပ်သည့် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် (ဒုတိယအကြိမ်)ကို ယနေ့နံနက်က ထောင်မှူးကျေးရွာ၊ သုဓမ္မဝတီမြို့သစ်ရှိ ရန်ကုန်-ဘားအံ ကားလမ်းနံဘေး၌ ကျင်းပပြုလုပ်သည်။

ကျွန်းလှမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မိုးရာသီဖြစ်ပွားတတ်သော သွေးလွန်တုပ်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပ

ဇူလိုင်လ (၃)ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မိုးညှင်းမြို့နယ်၌ ဆီစက်လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုအားကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဒေသအတွင်း စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီစက် လုပ်ငန်းရှင်များ ဖွံ့ဖြိုးရေးချေးငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီက မိုးညှင်းမြို့ စိမ်းရတနာမွန် (တောင်ပိုင်း)ရပ်ကွက်ရှိ “မြတ်သုခ” ဆီစက်လုပ်ငန်းအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ