ဒေးဒရဲမြို့၌ ၂၀၂၆-၂၀၂၇၊ မိုးစပါးရာသီ၊ Rice Export Zone ဆောင်ရွက်သော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၌ Rice Export Zone ဖြင့် ဆောင်ရွက်သော မိုးစပါးစိုက်ပျိုးတောင်သူများအား စပါးအထွက်နှုန်းနှင့် အရည်အသွေးတိုးတက်စေရေးအတွက် လိုအပ်သော စိုက်ပျိုးစရိတ်များအား ချေးငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Exporter ကုမ္ပဏီများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။