ဝေးလံခေါင်ဖျားဒေသသတင်းများ

ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်အတွက် မဲရုံသုံးပစ္စည်းများ တပ်မတော်ရဟတ်ယာဉ် အသုံးပြုကာပို့ဆောင်ပေးလျက်ရှိ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသော ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်အသုံးပြုရမည့် မဲရုံသုံး ပစ္စည်းများကို အောက်တိုဘာ(၁၈)ရက်တွင် ပူတာအိုမြို့မှခေါင်လန်ဖူးမြို့သို့ တပ်မတော် ရဟတ်ယာဉ်အသုံးပြုကာ ပို့ဆောင်ပေးလျက်ရှိသည်။

ချီဖွေမြို့နယ်အတွင်းရှိ (၄)မိုင်တပ်စခန်း စုစည်း-တောင်သုံးလုံး-မက်လင်ကော့ (၁၉)မိုင်လမ်း စီမံကိန်းများအား ကွင်းဆင်းခြင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ် ချီဖွေ-ဆော့လော်မြို့နယ်ချင်းဆက် လမ်းဖြစ်သော ချီဖေွမြို့နယ် (၄)မိုင်တပ်စခန်း စုစည်း-တောင်သုံးလုံး-မက်လင်ကော့ (၁၉)မိုင်လမ်းကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အထိ အကျယ်(၂၀)ပေ(၈/၀)မိုင် ကျောက်တောင်မိုင်းခွဲခြင်း၊ လုပ်ငန်းများကို (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့ပြီး ဖြစ်သည်။

ဖလမ်း၌ နေရပ် ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

အိန္ဒိယနိုင်ငံမှ ပြန်လာသူ (၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှ သိရသည်။

မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် ပညာရေးဝန်ထမ်း (၇၀)ဦး၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် Swab ပထမအကြိမ် ရယူစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ်ရှိ Facility Quarantine တွင် ထားရှိသည့် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် နေရပ်ပြန် ပညာရေးဝန်ထမ်း(၇၀) ဦး ၏ အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ် Swab ကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က ဓာတ်ခွဲနမူနာရယူ၍ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မန္တလေးမြို့သို့ ပေးပို့ထားကြောင်း သိရသည်။

ချီဖွေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း စည်းဝေး


ချီဖွေ        အောက်တိုဘာလ  ၁၈


ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော် စံချိန်စံညွှန်းများနှင့်အညီ ပွင့်လင်း မြင်သာစွာ ကျင်းပပြုလုပ်နိုင်ရေး ချီဖွေမြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို အောက်တိုဘာလ(၁၆)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်တွင် ချီဖွေမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Facility Quarantine နေထိုင်ပြီးသူ တစ်ဦးအား နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အလက(တပ်တွင်း)ကျောင်း Facility Quarantine Center တွင် Facility Quarantine နေထိုင်ပြီးစီးသူ တစ်ဦးကို အောက်တိုဘာ ၁၆ ရက် ညနေပိုင်းတွင် Facility Quarantine နေထိုင်ပြီးစီးမှုလက်မှတ်ပေးအပ်ခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

သိန္နီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်အကြီးအကဲများ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာများကို ပြည်သူများ သိရှိစေရန်ရည်ရွယ်၍ ပြသထားကြောင်း သိရသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး မြို့ဝင်ဂိတ်များတွင် အရှိန်အဟုန်မြှင့် စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်များတွင် နေ့စဉ်နံနက်(၆)နာရီခွဲမှ ည(၉)နာရီအထိ အရှိန်အဟုန်မြှင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပူတာအို၌ ရဲမှုထမ်းဟောင်းများအား ရိက္ခာလေးမျိုး တတိယအကြိမ်ထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုနှင့် မချမ်းဘော့မြို့နယ်များရှိ ရဲမှုထမ်းဟောင်းများအား ကိုဗစ်-၁၉ ကာလအတွင်း မိသားစုစားဝတ်နေရေး အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်အတွက် ပူတာအိုတပ်နယ်မှ ရိက္ခာအမယ်လေးမျိုး တတိယအကြိမ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ပူတာအိုတပ်နယ် ဗန္ဓုလခန်းမ၌ ကျင်းပသည်။

ပုံပါကျင်မြို့တွင် နေအိမ်ပြင်ပထွက်ခွာသူများ Mask များ တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်ခွာသူများ Mask တပ်ဆင်ခြင်း ရှိ/မရှိနှင့် စားသောက်ဆိုင်များ၊ ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့နံနက် ၆ နာရီက ပုံပါကျင် မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ