ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီ ကျန်းမာရေးစစ်ဆေးရေးအဖွဲ့သို့ PPE ဝတ်စုံ (၃၃)စုံလာရောက်လှူဒါန်း
ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ချင်းပြည်နယ်အတွင်းဝင်ရောက်မည့် ကုန်စည်ကားမောင်းနှင်သည့် ယာဉ်မောင်းများနှင့် ယာဉ်နောက်လိုက်များကို RDT Test Kit ဖြင့် Swab ယူကာကိုဗစ်-၁၉ ရောဂါပိုးရှိ /မရှိစစ်ဆေးလျက်ရှိသည့် ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီကျန်းမာရေးစစ်ဆေးရေးအဖွဲ့သို့PPE ဝတ်စုံ(၃၃) စုံကိုအလှူရှင်များမှ ယနေ့နံနက်(၁၀)အချိန်တွင် လာရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။