မိုင်းနောင်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား နိုင်ငံတော်ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် ပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊မိုင်းနောင်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် နိုင်ငံတော်ထောက်ပံ့ငွေ များကို ရပ်ကွက်/ကျေးရွာအုပ်စုရှိ ပြည်သူများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက်ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စ၍ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာ အသီးသီးသို့သွား ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။