မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များ၊ ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ စိစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါဂိတ် နှစ်ဂိတ်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။