လောက်ကိုင်မြို့နယ်တွင် ကြံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်အား တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်
ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ ထင်ပါကျိုင်း ကျေးရွာအုပ်စု ၊ နားလီကျေးရွာရှိ စိုက်ပျိုးရေးဦးစီးဌာန မှ ဘိန်းအစားထိုးစိုက်ပျိုးရေး ပညာပေးခြံတွင် စိုက်ပျိုးထားသော ကြံမျိုး (၆)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ခင်းအား ယမန်နေ့ နံနက် ၁၀ နာရီက တောင်သူပညာပေးကွင်းပြပွဲ ပြုလုပ်ခဲ့ ကြသည်။