ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း MASK များအခမဲ့ ဖြန့်ဝေ
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ လူစုလူဝေး နှင့် ဈေးသို့သွားရောက်ပါက နှာခေါင်းစည်း MasK များကို တပ်ဆင်ပြီးမှ သွားလာနိုင်ရန် ရည်ရွယ်၍ MasK များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်ဈေး နှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေဆောင်ရွက်သည်။