ဝေးလံခေါင်ဖျားဒေသသတင်းများ

နမ့်စန်မြို့ မြို့မ အ.ထ.က Facility Quarantine အဆောင်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ တစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ် ၊ မြို့မအထကကျောင်းရှိ Facility Quarantine ဆောင်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ထားသူ အသက်(၂၉)နှစ်အရွယ် အမျိုးသား တစ်ဦးထံတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ယမန်နေ့ ညနေ ၄နာရီအချိန်ထုတ်ပြန်ချက်အရ သိရှိရသည်။

မိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညိှနှိင်း အစည်း အဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၂ နာရီ ၄၅ မိနစ်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းတွင်ပြုလုပ်ကျင်းပသည်။

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်မည်

ဟားခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပျိုးပင်များစိုက်ပျိုးသည့် Green House များတွင် ရေသွင်းပေး နိုင်ရေးအတွက် ရေဂါလံ ၃၇၀၀ဆံ့ ရေကန်တည်ဆောက်နိုင်ရန်အတွက် ယမန်နေ့က ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများက ရေကန်တည်ဆောက်မည့် နေရာအား ကွင်းဆင်းကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

ကျိုင်းတောင်းမြို့တွင် (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေးမိုးစပါးမျိုးစေ့ထုတ် စံကွက် ရိတ်သိမ်းခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ကျိုင်းတောင်းမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနမှ (GAP)စနစ်ဖြင့် စိုက်ပျိုးထားသော ရွှေရင်အေး မိုးစပါးမျိုးစေ့ထုတ်စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ညနေ ၃ နာရီခန့်က ကွင်းအမှတ်( ၄၂၇ ) ကျိုင်းတောင်း တောင်သူ ဦးလုံးသြစိန္တ ၏ လယ်၌ စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်ခဲ့သည်။

မိုင်းပန်မြို့နယ်၊ မြို့မဈေး၌ မီးဘေးအန္တရာယ် လုံခြုံစိတ်ချမှုရှိစေရန် မီးငြှိမ်းသတ်ရေး သရုပ်ပြသခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယမန်နေ့ နေ့လည် (၂) နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မဈေးတွင် မီးဘေးအန္တရာယ်လုံခြုံစိတ်ချမှုရှိစေရန်အတွက် မီးငြှိမ်းသတ်နည်းသရုပ်ပြသခြင်း နှင့် မီးသတ်ယာဉ်များ ဖြင့် မီးငြှိမ်းသတ်ရေး သရုပ်ပြခြင်းတို့အား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

တုံတာမြို့၌ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်၊ ခရီးသည်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ သွားလာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် မြို့အတွင်းသို့ ဝင်ရောက်ဖြတ်သန်းသွားလာသည့် ခရီးသွားမော်တော်ယာဉ်များ ကျန်းမာရေးထောက် ခံချက်ပါ/မပါနှင့် နှာခေါင်းစည်းများတပ်ဆင်သွားလာမှုရှိ/မရှိကို နိုဝင်ဘာလ ၂၄ရက်နေ့မှ စတင်၍ မြို့အဝင်ပူး ပေါင်းစစ်ဆေးရေးဂိတ်တွင် ကြပ်မတ်စစ်ဆေးလျက်ရှိသည်။

မိုင်းဆတ်မြို့၌ ပုဂ္ဂလိကဆေးခန်းများ သတ်မှတ်လိုင်စင်ကြေး အချိန်မီပေးသွင်းနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ဆေးခန်းဖွင့်လှစ်ထားရှိသော ပုဂ္ဂလိကဆေးခန်းများ ကျန်း မာရေး ဦးစီးဌာနသို့ နှစ်စဉ်သတ်မှတ်လိုင်စင်ကြေးများ အချိန်မီပေးသွင်းနိုင်ရေးအတွက် ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပခဲ့သည်။

ပြောင်းသီးနှံများ ဈေးကောင်းရသဖြင့် စိုက်ပျိုးသည့်တောင်သူများ အဆင်ပြေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပြောင်းသီးနှံအများအပြားစိုက်ပျိုးရာ ယခုလ အတွင်း ပြောင်းဈေးကောင်းလာသဖြင့် ပြောင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် စုံလောကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုင်းကိုင်မြို့နယ်၏ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာရှိ စုံလောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယနေ့ နံနက် ၄ နာရီခွဲအချိန်ခန့်က ဘုရားမီးပူဇော်ရာမှ ဘုရားစင်အား မီးကူးစက်ကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ စာသင်ခုံများ ထောက်ပံ့ပေးအပ်

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့မှ ယမန်နေ့နံနက် (၁၀) နာရီက လောက်ကိုင်မြို့၊ အထက (၁)ကျောင်းတွင် စာသင်ခုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဝေးလံခေါင်ဖျားဒေသသတင်းများ