ပူတာအိုမြို့နယ်တွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်အဖြစ် Mask Campaign ဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေး လုပ်ငန်းအဖြစ် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၇ နာရီက လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် ဈေးများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။