မိုင်းပန်-နောင်လေ-မိုက်ပုတ် (ပန်ပိ)မြေသားလမ်း (၃၆) မိုင်အတွင်း၌ ကတ္တရာလမ်း (၂) မိုင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုင်းပန်-နောင်လေ-မိုက်ပုတ် (ပန်ပိ)မြေသားလမ်း (၃၆) မိုင်အတွင်း၌ ကတ္တရာလမ်း (၂) မိုင်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်နေရာသို့ တာဝန်ရှိသူများမှ ယနေ့ နံနက် (၈) နာရီအချိန်က မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။