ခိုင်ကမ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ နေ့စဉ်စစ်ဆေးလျက်ရှိရာ ယမန်နေ့က ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၅၁ ဦး ဆေးစစ်သည့်အနက် ကလေးမှ တီးတိန်သို့ ကုန်စုံပစ္စည်းများပို့ဆောင် မောင်းနှင်မည့် ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။