မဲရုံများအား ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် ဆန္ဒမဲပေးကြ မည့် ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲ ကော်မရှင်များ၊ မဲရုံမှူးများ၊ ဒုမဲရုံမှူးများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထား သော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရေဇွာမြို့ ကျန်းမာရေး ဆရာ၊မများက သက်ဆိုင်ရာမဲရုံအလိုက် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။