ခိုင်ကမ်းမြို့၌ ကြိုတင်ဆန္ဒမဲ လာရောက်ပေးရန်ခက်ခဲသည့် မဲဆန္ဒရှင်ပြည်သူများသို့ တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ဆန္ဒမဲများ ကွင်းဆင်းကောက်ယူ
ချင်းပြည်နယ် ဖလမ်းခရိုင် ခိုင်ကမ်းမြို့တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျ ရောက်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများ မသန်စွမ်းသူများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအတွက် အောက်တိုဘာ ၂၉ ရက်နေ့မှစ၍ ကြိုတင်ဆန္ဒမဲများ ကောက်ခံလျက် ရှိပါသည်။