ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ ဌာနအတွင်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း (Mask)များ ထောက်ပံ့
ချင်းပြည်နယ် သမဝါယမဦးစီးဌာနမှ မိမိဌာနအတွင်းဝန်ထမ်းများ သက်သာချောင်ချိရေး၊ စားနပ်ရိပ်က္ခာ ဖူလုံရေးအတွက် အခြေခံစားသောက်ကုန်များနှင့် နှာခေါင်းစည်း(Mask)များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့၊ ချင်းပြည်နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။