ဦးစီးဌာန(ရုံးချုပ်)

တိုက်ကြီးမြို့နယ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများကို အိမ်တိုင်ရာရောက်ကွင်းဆင်းစစ်ဆေး

လက်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019 (COVID-19) ကူးစက်ပျံ့နှံ့မှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပက်သက်၍ အသိပညာ ပေးခြင်း လုပ်ငန်းများကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ၏ ညွှန်ကြားချက်ဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအား နံရံကပ်ဘုတ်ပြသ

ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ၊ ပြည်သူ့စာကြည့်တိုက်တွင် နေ့စဉ်စာဌားစာဖတ်လာရောက်ကြသူများအ‌နေဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုသိရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်မှစ၍ နံရံကပ်ပြဘုတ်ဖြင့် ပြသပေးလျက်ရှိကြောင်း သိရသည်။

ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ RCC နှစ်ထပ် ကျောင်းဆောင်သစ် ရာနှုန်းပြည့် ဆောက်လုပ်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ပညာရေး ဝန်ကြီဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေကျပ် ၂၂၄ ဒသမ ၈၀သန်းဖြင့် Pretty Home Co.Ld မှ တာဝန်ယူတည်ဆောက်သည့် ပေ(၁၇၀x၃၀) RCC(၂)ထပ် ကျောင်း ဆောင်သစ် ရာနှုန်းပြည့်ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ဟိုပန်မြို့၌ မပြင်းထန်သော ငှက်ဖျားရောဂါ(PV) ကြိုတင်ကာကွယ်ရေးအတွက် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးခြင်းနှင့် ဆေးရည်စိမ်ခြင်ထောင်များပေးအပ်

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်ခရိုင်၊မြို့ပန်မြို့၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှ ဒေါက်တာအုန်းဝင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများနှင့် (NGO)စေတနာ့ ဝန်ထမ်းများက ပုံမှန်ထက်ပိုဖြစ်သည့် မပြင်းထန်သော (PV)ငှက်ဖျားရောဂါကြိုတင်ကာကွယ်ရန် ကျေးရွာများတွင် ရွာလုံးကျွတ် သွေးဖောက်စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ရုံးကုန်း ရပ်ကွက်၊ အခြေခံမူလတန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခုမှ အသက် ၆၀ နှစ်နှင့် ၈၀နှစ် အကြားရှိ သက်ကြီးရွယ်အိုများနှင့် မြို့ပေါ်ရှိ မသန်စွမ်းသူများအား ထောက်ပံ့ကြေးများ ပေးအပ်ထောက်ပံ့

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်း(၁၁)ခုမှ အသက် ၆၀ နှစ်နှင့် ၈၀ နှစ် အကြားရှိ သက်ကြီးရွယ်အိုများနှင့် မြို့ပေါ်(၈)ရပ်ကွက်ရှိ မသန်စွမ်းသူများကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ CERP အစီအစဉ်အရ ယနေ့ နံနက်ပိုင်းက ကွတ်ခိုင်မြို့၊ ပြည်ထောင်စုခန်းမ၌ ပေးအပ်ထောက်ပံ့သည်။

ကျိုင်းလပ်မြို့ ၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့တွင် CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါး မျိုးစေ့ထုတ် စိုက်ခင်းများ အား ကွင်းဆင်းစစ်ဆေးခြင်းနှင့် ဒုတိယအကြိမ် မျိုးကွဲနုတ်ပယ်ခြင်းကို စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန်ကူးတို့ဆိပ် ၁၁ ဆိပ် တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်ရှိ စက်တပ်သမ္ဗန် ကူးတို့ဆိပ် ၁၁ ဆိပ်တွင် ရန်ကုန်မြစ်တွင်း ခရီးသည် ပို့ဆောင်ပေးနေသော စက်တပ်သမ္ဗန်များနှင့် ကူးတို့ဆိပ်တို့၌ လတ်တလောဖြစ်ပွားနေသော အသက်ရှု လမ်းကြောင်း ဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၁၁ နာရီခွဲ က စတင်ပြီး  မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ)နှင့်ပုံစံ(၁ဝ-က) အမည်စာရင်းများ ကြေညာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ပုံစံ(၁ဝ) နှင့်ပုံစံ(၁ဝ-က) အမည်စာရင်းများကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်​ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဩဂုတ် (၃၀) ရက်နေ့မှစ၍ ကပ်ထားကြေညာပေးလျက် ရှိသည်။

မြင်းခြံမြို့နယ်၌ နိုင်ငံသားစိစစ်ရေးပြားများ လွှဲပြောင်းပေးအပ်

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသက် (၁၈) နှစ် ပြည့်ပြီးသူတိုင်း မှတ်ပုံတင် အသစ် ပြုလုပ်နိုင်ရေး၊ အိမ်ထောင် ဇယားတွင် မိမိအမည်ပါဝင်ပြီး မှတ်ပုံတင်မပြုလုပ်ရသေးသူများ၊ နံပါတ်မှားယွင်းနေသူများ၊ ပျက်စီး/ ပျောက်ဆုံးသူများ၊ အသက် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေး၊ နိုင်ငံသားတိုင်းဆန္ဒမဲပေးနိုင်ခွင့် မဆုံး စေရေးတို့အတွက် မြင်းခြံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာဦးစီးဌာနမှ သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ကျုံပျော်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ်စနစ်ဆောင်ရွက်

လက်ရှိဖြစ်ပွားလျှက်ရှိ​သော ကိုဗစ်-၁၉ ​ရောဂါ ကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီ တိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် Mask မတပ်ဆင်သူများအား ယခုဝယ် ယခုတပ် စနစ်ဖြင့် စတင်ဆောင်ရွက်ခြင်းကို သြဂုတ် ၃၀ ရက် နံနက်က စတင်ပြုလုပ်ခဲ့​သည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)