အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အဆောက်အဦသစ်တွင် ဝါဆိုသင်္ကန်းကပ်နှင့် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေ လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အဆောက်အဦသစ်တွင် ဘုရားအနကဇာတင်၊ ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် ရာသက်ပန်ဆွမ်းပဒေသာပင် အလှူငွေလှူဒါန်းပွဲကို ယနေ့နံနက်၉နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။