ဦးစီးဌာန(ရုံးချုပ်)

မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ရေရရှိရန် အဝီစိတွင်းတူးခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်

မိုင်းခုတ် အောက်တိုဘာ ၁၂ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်ပညာရေးမှူး ဦးအောင်ဇော် Malteser International (မာလ်တေဆာ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့) ဒေါက်တာ သက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့နှင့် ကျောင်းအကျိုးတော်ဆောင်များက ယမန်နေ့ နေ့လည်(၁:၀၀)နာရီအချိန်က ရေရရှိရန် အဝီစိတွင်းတူးဖော်ခြင်းနှင့် ပတ်သက်သည်များကို ဆွေးနွေးပြီးနောက် ရေရရှိပါက ရေလှောင်ကန်၊ လက်ဆေးဘေစင်နှင့် အမှိုက်မီးရှို့ကန်ကိုပါ ပြုလုပ်ပေးမည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျ

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးအတွက် တောင်သူများ အားထားရသည့် ပုလင်းဆည်၊ စွန်ဆည်၊ ဆဒ္ဒန်ဆည်နှင့်ဘုတ်ချောင်းဆည်များရှိသည့်အနက် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့်ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဖလမ်းမြို့၌ လူငယ်အသိပညာပေးဟော ပြောပွဲကျင်းပ

ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၃/၂၀၂၃ သင်တန်းဆင်းပွဲ အခမ်းနားကို အောက်တိုဘာလ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်ကြက်ခြေနီအသင်းရုံး၌ ကျင်းပခဲ့သည်။

​​​​​​​လဲချားတွင် လူငယ်နှင့်မူးယစ်ဆေး အန္တရာယ်အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် မူးယစ်ဆေးအသိပညာပေး နည်လှည့်ဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် ဟောပြောဆောင်ရွက်ခဲ့သည်။

လင်းခေးတွင် အရန်မီးသတ်တပ်ဖွဲ့ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် မီးသတ်ဦးစီးဌာနက ကြီးမှူး၍ အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီက အဆိုပါဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် အမျိုးသမီးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မန့်ဟီးရိုးမြို့ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းပိတ်ရက်များ၌ စာဖတ်/စာငှား ကျောင်းသား/သူများ တိုးပွားလာ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာတိုက်တွင် ကျောင်းပိတ်ရက်များနှင့် အားလပ်ချိန်များတွင် စာဖတ်ကျောင်းသား/သူများ၊ စာငှားဒေသခံပြည်သူများ တိုးပွားလာလျက်ရှိပါသည်။

ဟိုပန်၌ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ တွေဆုံညှိနှိုင်း အစည်းအဝေးပြုလုပ်

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းနှင့်စပ်လျဉ်း၍ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ မွန်လွဲ ၁ နာရီ ခွဲအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ပါသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး နံရံပန်းချီများကို လေ့လာနိုင်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေး ဘုရားဖူးလာရောက်ခဲ့ပါက ဝတ္ထနတောဘုရားအစုအဝေးအတွင်းရှိ ဘုရားအမှတ် ၃၅၉ ဂူ ဘုရားအတွင်းရှိ ထိုင်တော်မူဆင်းတုတော်များဖူးမြော်ပြီး၊ အလွန်ရှေးကျသည့် နံရံပန်းချီများကို လေ့လာနိုင်ကြောင်း သိရသည်။         
Subscribe to ဦးစီးဌာန(ရုံးချုပ်)