ဦးစီးဌာန(ရုံးချုပ်)

ဒက္ခိဏသီရိမြို့နယ်တွင် တတိယနေ့အဖြစ် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် နာတာရှည်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ အသက် ၅၅ နှစ်နှင့်အထက် အသက်ကြီးသူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့်မိသားစုဝင်များ၊ စက်ရုံ အလုပ်ရုံများမှဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီ မှစတင်၍ အမှတ်(၁၈)အခြေခံပညာအထက်တန်းကျောင်း ဆေးထိုးစုရပ်၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာ တစ်ရက်လျှင် (၁၀)ဦး ခန့်သာတွေ့တော့သည်အထိ လျော့ကျလာ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အတွင်း ကိုဗစ်- ၁၉ ရောဂါ အတည်ပြုလူနာတွေ့ရှိမှု့ စက်တင် ဘာလတွင် တစ်ရက်လျှင် (၁၀)ဦးခန့်သာ တွေ့ရှိသည်အထိ လျော့ကျလာကြောင်း ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ငရုတ်ကောင်းမြို့၌ အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်း ပြည်သူများအား (ပထမ)အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးရမည့်သူများနှင့် ကိုဗစ်ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅)နှစ်မှ(၆၄)နှစ်နှင့် ဦးစားပေးအဆင့် လိုက်ကာကွယ်ဆေးများကို စက်တင်ဘာ၁၈ရက်မှ ၁၉ရက်နေ့အထိ နံနက်၁၀နာရီမှစ၍ ငရုတ်ကောင်းမြို့(အထက)တွင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မြိတ်မြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)သင်တန်းဆင်း

နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ပြီး လူမှု စီးပွားဘဝ မြှင့်တင်နိုင်စေရေး အတွက် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန မြိတ်မြို့ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဖွင့်လှစ် ခဲ့သည့် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၂)ကို ယနေ့ နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

ကျိုက်လတ်မြို့နယ်တွင် ဆန်စက် လုပ်သား၁၀၆၄ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက် ၉ နာရီ မှစတင်၍ မြို့နယ်အတွင်းရှိ ဆန်စက်အလုပ်သမား (၁၀၆၄)ဦးအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်အထောက်အကူ ပြုနိုင်ရန်အတွက် အောက်ဆီဂျင်အိုးနှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့က စေတနာရှင် အလှူရှင် များက မြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ပေးအပ်လှူဒါန်း ကြောင်း သိရသည်။

ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀)စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ယခုနှစ် မိုးစပါးရာသီ၌ ရွှေဘိုပေါ်ဆန်းမျိုးစေ့ထုတ်စိုက် ဧက(၁၀၄၀) စိုက်ပျိုးပြီးစီး ပြီဖြစ်ကြောင်း ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ကြီးမြို့နယ်ရွာကြီးအင်းကျေးရွာ၌ မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀)ကျော် ချေးငွေအား (၁၄)ကြိမ်မြောက် ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာ မူလတန်းလွန် ကျောင်း ဟောခန်းမ၌ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာ မြို့နယ်ရုံး ဦးစီးမှူးနှင့် ဌာနဝန်းထမ်းများက ရွာကြီးအင်းကျေးရွာ ဒေသခံပြည်သူများအား မြစိမ်းရောင်ရန်ပုံငွေ သိန်း(၈၀၀) ကျော်

အင်တောမြို့တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်တောမြို့တွင် အသက်(၆၅)နှစ်နှင့် အထက် အဘိုးအဘွား များနှင့် ဦးစားပေးအဆင့်လိုက် ပထမအကြိမ်အဖြစ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ထားသူများအား ယနေ့နံနက်ပိုင်းက အမှတ်(၄)တပ်မတော်ဆေးရုံခုတင်(၁၀၀)ဗထူးမြို့မှ ဗိုလ်ကြီးသိန်းထိုက်နှင့် အဖွဲ့တို့က အင်တောတိုက်နယ်၊ ကျောက်ဂူတိုက်နယ်ဆေးရုံတို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)