မိုးမိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေး ဖျန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာဦးစီးဌာန ၊ မြို့နယ်မီး သတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိ သည့်နေရာများနှင့် ဘာသာရေးကျောင်းများအား ပိုးသတ်ဆေးဖျန်းခြင်းကို ယနေ့ နံနက် ၈ နာရီက စတင်၍ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။