ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ အလှူရှင်များမှ အလှူ ငွေများ၊ အထောက်အကူပြုပစ္စည်းများ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးနှင့် ကူညီ ထောက်ပံရေးအဖွဲ့သို့ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအား ကျွေးမွေး ရန်နှင့် လိုအပ်သည့်နေရာများတွင် သုံးစွဲနိုင်ရန်အတွက် ယမန်နေ့ နေလည်က အလှူရှင်များက နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။