ညောင်ရွှေမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ CERP အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသည့် မျိုးစေ့ထုတ်စိုက်ခင်းများ မျိုးကွဲပယ်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က ညောင်ရွှေမြို့နယ် တိလောကျေးရွာအုပ်စု၊ ကျော့မောင်ငယ်ကျေးရွာရှိ ကွင်းအမှတ် (၅)၊ ဦးပိုင်အမှတ် (၁၄/၁)ရှိ တောင်သူဒေါ်အေးစီ၏ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။