နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၁၈ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းသည် မေလ ၂၇ ရက် မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းအဝိုင်းအနီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းမကြီး မြေထိန်းနံရံများအား စက်ယန္တယားများဖြင့် ပြန်လည်ဖယ်ရှားပြုပြင်ဆောင်ရွက်နေမှုများကို သွားရောက်စစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများ အပိုင်းလိုက် အမြန်ပြီးစီးအောင်ပြုပြင်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ မြေယာရှုခင်းပန်းအလှပင်များကို စနစ်တကျ ဆယ်တင်ရွှေ့ပြောင်းပြီး ပြန်လည်စိုက်ပျိုးနိုင်ရေးတို့ကို မှာကြားခဲ့သည်။