နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဥတ္တရသီရိမြို့နယ်အတွင်း ငလျင်ဘေးသင့် ပြည်သူများ အတွက် ထောက်ပံ့ငွေများပေးအပ်ပွဲ တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်း မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် အသက်ဆုံးရှုံးခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဥတ္တရသီရိရပ်ကွက်၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမတွင် ကျင်းပသည်။