နေပြည်တော်ကောင်စီနယ်မြေ

နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးမွေးတောင်သူများအား ငါးသားပေါက်များ ဖြည့်ဆည်းပေးအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ နေပြည်တော်အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ငါးမွေးကန်များအတွက် ငါးမွေး တောင်သူများအား ငါးသားပေါက်များ ဖြည့်ဆည်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ရေဆင်းငါးလုပ်ငန်းစခန်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ငါးလုပ်ငန်းဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ​​ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ငါးမွေးတောင်သူတက်ရောက်ကြသည်။

ဆရာအတတ်ပညာဦးစီးဌာန၊ ကာယပညာနှင့် အားကစားနည်းပြ(မွမ်းမံ)သင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ ကာယပညာနှင့်အားကစားနည်းပြ (မွမ်းမံ)သင်တန်း၊ အမှတ်စဉ်(၁/၂၀၂၅) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက လယ်ဝေးမြို့၊ အားကစားလေ့ကျင့်ရေးစခန်းအမှတ်(၂)တွင် ကျင်းပသည်။

လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား) တွင် အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းများ အခမဲ့ဖွင့်လှစ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် အကျိုးရှိစေမည့် ကာယ၊ ဉာဏဆိုင်ရာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ အခြေခံကွန်ပျူတာသင်တန်းနှင့် အင်္ဂလိပ်စာ Grammar သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့်ဇနီးများ၊ နေပြည်တော်အမျိုးသမီးကော်မတီဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေပြည်တော်မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် ခရိုင်/ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ကျောင်းသူများ တက်ရာက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်းသန့်ရှင်းသာယာလှပရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်ရှိ သုခတော်ဝင်အိမ်ရာအပိုင်း(၁)အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆးသည်။

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ကျန်းမားရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို)တွင် ကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ လာရောက်ပြသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် တိုင်းရင်းဆေးဝါးများ လက်ဆောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ မြန်မာ့ရိုးရာသနပ်ခါးသဘင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကလေးသူငယ်များ၊   ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ တောင်ဘက်ရှိတပေါင်းကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ