နေပြည်တော်ကောင်စီနယ်မြေ

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပရာ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

အနာဂတ်ကလေးငယ်များ၏ဘဝ ပိုလီယိုရောဂါဘေးမှကင်းဝေးစေရေး အစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်း တပ်ကုန်းမြို့၌ အရှိန်အဟုန်​မြှင့်ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် အသက်(၂)လမှ (၅၉)လအရွယ် ကလေးများအားလုံး ပိုလီယိုရောဂါဖြစ်ပွားမှုကာကွယ်နိုင်ရန်နှင့် အနာဂတ်ကလေးငယ်များ၏ ဘဝ ပိုလီယိုရောဂါဘေးမှ ကင်းဝေးစေရန် ရည်ရွယ်၍ တပ်ကုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပိုလီယိုရောဂါ အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်း အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆရာစံရပ်ကွက်၊ ဗိုလ်မင်းရောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ အသက်(၂)လမှ (၅)နှစ်အထိ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး) အရှိန်အဟုန်မြှင့် တိုက်ကျွေးခြင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကလေးငယ်များအား ကျန်းမာသန်စွမ်းရေးနှင့်အသက်ရှည်စွာ နေထိုင်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက်(၂)လနှင့် (၅)နှစ်မပြည့်မီ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချဆေး)တိုက်ကျွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးလက် ကျန်းမာရေးဌာနခွဲများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ “သုတရောင်ခြည်” စာကြည့်တိုက် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပုပ္ပါးကုန်းရပ်ကွက်၊ “သုတရောင်ခြည်” စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် အဆိုပါ စာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအုပ်စုအတွင်းရှိ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမည့် တောင်သူများနှင့် တာဝန်ရှိသူများ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မရမ်းခုံကျေးရွာရှိ စိုက်ပျိုး၊ စီးပွားအသိပညာပေး စင်တာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ်တွင် နေကြာပန်းစိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် သဲကုန်းကျေးရွာအုပ်စုတွင် နေကြာပန်းများ စိုက်ပျိုးခြင်းလုပ်ငန်း အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ခွေးရူး‌ရောဂါကာကွယ်ဆေးများ ထိုးနှံ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာများအတွင်း‌ ဖေဖော်ဝါရီ ၂၄ ရက်မှစ၍ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကားလမ်းနယ်နိမိတ်များ၊ မီးရထားလမ်းနယ်နိမိတ်များ၊ ရထားလမ်းဖြတ်ကူးဂိတ်များ၊ လမ်းညွှန်း၊ လမ်းအမှတ်အသားများ စနစ်တကျရှိစေရေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဥတ္တရသီရိမြို့နယ်၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းများ ရပ်ကွက်၊ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးရောဂါကြိုတင်ကာကွယ်ဆေးကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ အသက် (၂) လနှင့် (၅၉) လ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပြည့်သူ့ကျန်းမာရေးဦးစီးဌာနမှ အသက် (၂) လမှ (၅၉) လ ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး (အစက်ချဆေး) တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူကြိုကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ