ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်တွင် ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များ၊ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်သာသနာရေးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။