နေပြည်တော်ကောင်စီနယ်မြေ

တပ်ကုန်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာ အသင်းတို့ ယှဉ်ပြိုင်ကစား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။

ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ တတိယအကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို ပြည်စံအောင်ရပ်ကွက်၊ ရတနာစံပရိယတ္တိစာသင်တိုက် ရတနာဘိမတဘိမာန်တော်ကြီး၌ ဇန်နဝါရီလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ဇေယျာသီရိမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည် မြင့်မားရေး ပြိုင်ပွဲများကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဇေယျာသီရိမြိုနယ်၊ ပြည်စံအောင်အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအားဖိတ်ခေါ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကို ယနေ့မွန်းလွဲပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစား

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ဗိုလ်မင်းရောင်းရပ်ကွက်အသင်းနှင့် ဆရာစံရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများ တိုက်ရိုက်ရောင်းချပေးနေမှုကို ကြည့်ရှုအားပေး

ဆေးဝါးဈေးနှုန်းတည်ငြိမ်စေရေးနှင့် ပြတ်လပ်မှုမရှိစေရန်ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏လမ်းညွှန်မှု၊ နေပြည်တော်ကောင်စီ၏ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ဦးဆောင်ကာ ဒုတိယအကြိမ်‌မြောက် “ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများအား ဆေးဝါးများတိုက်ရိုက်ရောင်းချပွဲ” ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာကန်တော်ခန်းမတွင် ရောင်းချပေးနေမှုကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးသည်။

ဇေယျာသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသမည့် နေပြည်တော်ကိုယ်စားပြု ဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်ပြသထားမှုကို ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပြသမည့် နေပြည်တော်ကိုယ်စားပြု ဒေသထွက် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်ပြသထားမှုကို ကြည့်ရှုအားပေးခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကိုယ်ပိုင်ကျောင်းများအသင်းမှ ဦးစီးကျင်းပသည့် စက်ဘီး-မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ဥပ္ပါတသန္တိစေတီတော်ရှေ့ ရာဇဌာနီလမ်းမကြီး၌ ကျင်းပသည်။

တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့နယ်အားကစားကွင်းတွင် စတင်ယှဉ်ပြိုင်ပွဲ ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် (၄၄)ကြိမ်မြောက် မဟာ/စူဠဘွဲ့နှင်းသဘင်နှင့် စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီက မြို့နယ်ဗုဒ္ဓသာသနပြုဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဘဒ္ဒန္တ ပညာသာမိ(နိုင်ငံတော်ဗဟိုသံဃာ့ ဝန်ဆောင်၊ ရွှေအင်းရိပ်သာကျောင်းတိုက်)၊ မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တစန္ဒသီရိ (မြို့ရှေ့စန္ဒာရုံကျောင်းတိုက်)၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တ သောမနနှင့် အထူးကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ ကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ စုစုပေါင်း ပင့်သံဃာ ၁၈ ပါး၊ ၂၀၂၄ ခုနှစ်၊ နိုင်ငံတော်အစိုးရဓမ္မာစရိယ စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ဓမ္မာစရိယ(ကျမ်းပြီး)ဆရာတော် ၅ ပါး၊ ပါဠိပထမပြန် စာမေးပွဲတွင် တပ်ကုန်းစာဖြေဌာနမှ ကြီး/ လတ်/ငယ်/မူ စာအောင်သံဃာ/သီလရှင် ၁၁၀ ပါး၊ စုစုပေါင်း ၁၁၅ ပါး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့ပေါ် ၆ ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်နှင့် အဖွဲ့ဝင်များ၊ ဒကာ၊ ဒကာမများစုစုပေါင်း ၂၅၀ ဦးခန့် တက်ရောက်ခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ